မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် (၃၂)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် (၃၂)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မကွေး နိုဝင်ဘာ ၂၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၂) ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်း အနားကို နိုဝင်ဘာလ ၂ဝရက်နေ့ နံနက် ၉ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြား သည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေး သူငယ်များ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက် နိုင်ရန်အတွက် ပေါ်ပေါက်လာသည့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၏ (၃၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သလို ကမ္ဘာ့ကလေးများနေ့ဖြစ်‌ကြောင်း၊ ကလေးသူငယ်များအကျိုးကို မြှင့်တင်ရန်နှင့် ကလေး သူငယ်များအတွက် အကျိုးကျေးဇူးများ ရရှိစေမည့် ကိစ္စရပ်များကို ဦးဆောင်လှုပ်ရှားမှုများ ရရှိစေရန် ရည်ရွယ်ပြီး နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့တိုင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိကြောင်း၊ ယခုနှစ် ကမ္ဘာ့ ကလေးများနေ့အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “ ကလေးတိုင်း ဘဝလှပရေး ပိုမို ကောင်းမွန်သော အနာဂတ်ဖန်တီးပေး” ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ကလေး သူငယ်များ ကြုံတွေ့နေရသော လွဲမှားစွာပြုကျင့်ခံရခြင်း၊ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရခြင်း၊ ခေါင်းပုံဖြတ် အမြတ် ထုတ်ခံရခြင်းများနှင့် ခွဲခြားဆက်ဆံမှုခံရခြင်းများကို အများပြည်သူများ သိရှိပြီး ဝိုင်းဝန်း ကာကွယ် တားဆီး စောင့်ရှောက်ပေးနိုင်ရန်အတွက် ကျင်းပရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်လည်း ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၁ ခုနှစ်၊ ဂျူလိုင်လ ၁၆ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဩဂုတ်လ ၁၅ ရက်‌နေ့တွင် အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်လာ ခဲ့ကြောင်းနှင့် ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ် သောကြောင့် ကလေး သူငယ်များ၏ ပညာ ရေး၊ ကျန်းမာရေး ကဏ္ဍရပ်များအား အလေးထား ဂရုစိုက်ခြင်းဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန် ၍ လုံခြုံစိတ်ချရသော အနာဂတ် တစ်ခုဖန်တီး‌ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦး က ကလေးများတွင် ရရှိရမည့် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဗီဒီယိုအား ပြသခဲ့သည်။

ယင်းနောက် မကွေးမူလတန်းကြိုကျောင်းနှင့် မကွေးကလေးပြုစု‌ရေးဌာနမှ ရင်သွေးငယ်များ က တေးသီချင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ဆုငွေနှင့် အမှတ် တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် (၃၂) ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ခင်းကျင်း ပြသထားသော လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း