မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မကွေး နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ် နှင်းပွဲ အခမ်းနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။

ဦးစွာ တိုင်းဒေသကြီး သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့် အပ်နှင်းပွဲ ဦးစီးကော်မတီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က သာသနာ တော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်အား နိုင်ငံတော်အစိုးရ၏ ကြီးကြပ်မှုဖြင့် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ နှစ်စဉ်လူပုဂ္ဂိုလ်များအား ပေးအပ်ချီးနှင်းခြင်းဖြစ်ပြီး မိမိတို့ မကွေးတိုင်း ဒေသကြီး အနေဖြင့် သာသနာတော်ဆိုင်ရာသာသနာနုဂ္ဂဟဘွဲ့တံဆိပ်အား လူပုဂ္ဂိုလ်အနေဖြင့် အမျိူးသား(၁)ဦးနှင့်အမျိုးသမီး(၁)ဦး ရရှိကာ ဒီဇင်ဘာလ(၁)ရက် နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများ အနေဖြင့် သာသနာတော်ဆိုင်ရာ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ ကော်မတီ အသီးသီးအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး သာသနာတော်ဆိုင်ရာသာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့် အပ်နှင်းပွဲ ဦးစီးကော်မတီ ဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေအား ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းနားအတွက် တာဝန် ပေးအပ်ခြင်းခံရသော ဆပ်ကော်မတီအသီးသီးမှ မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက် မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက် လာသူများ က လိုအပ်သည်များအား ဖြည့်စွက် ဆွေးနွေးတင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း