မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၀)နှစ်အောက် အခြေခံအထိ(၆)ချက် (ကျား/မ)ခြင်းလုံးပြိုင်ပွဲနှင့် (၄)ပေါက်တန်း အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၀)နှစ်အောက် အခြေခံအထိ(၆)ချက် (ကျား/မ)ခြင်းလုံးပြိုင်ပွဲနှင့် (၄)ပေါက်တန်း အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၀)နှစ်အောက် အခြေခံအထိ (၆)ချက် (ကျား/မ)ခြင်းလုံးပြိုင်ပွဲနှင့် (၄)ပေါက်တန်း အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပ ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာလူမျိုးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု အားကစားနည်းများတွင် မြန်မာ့ရိုးရာခြင်းခတ် အားကစားနည်းသည်လည်း တစ်ခုအပါ အဝင်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှု အားကစားပညာရပ်ဖြစ်သည့် ခြင်းခတ်အားကစား နည်းကို ထိန်းသိမ်းစောင့်ရှောက်ရင်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ပေါက်လာစေရေး၊ အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်နိုင်သော လူငယ်များ ပေါ်ပေါက်လာစေရေးသည် ယနေ့ လူငယ်များ၏ သမိုင်းပေး တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ အပေးအယူချစ်ကြည်ဖြူ ခြင်းမူစာဂ မျှစိတ္တ ဆိုတဲ့ ခြင်းခတ်အားကစားရဲ့ ဆောင်ပုဒ်လေးကိုပဲ တစ်ဦးနဲ့တစ်ဦး အပေးအယူညီမျှစွာနဲ့ ခြင်းလုံးလေး မြေမကျအောင် ဝိုင်းဝန်း ကြိုးစားကြတာဖြင့် ခတ်ကစားသူရော မြင်ရသူအပေါင်း စိတ်နှလုံးကြည်နူးစေတဲ့ ကစားနည်းဘဲဖြစ်ပါ ကြောင်း၊ အားကစားလောက တိုးတက်ဖွံ့ဖြိုးလာအောင် အားကစားသမား ကောင်းတစ်ဦးမှာ မရှိမဖြစ်လိုအပ်တဲ့ စိတ်ဓါတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ဆိုတဲ့ အချက်(၅)ချက်နဲ့ ပြည့်စုံအောင် မိမိကိုယ်မိမိ လေ့ကျင့် ပျိုးထောင်ကြဖို့၊ မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရိုးရာခြင်းခတ် အားကစားနည်း မတိမ်ကော မပပျောက်စေရေး၊ ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြုခြင်းခတ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး တို့အတွက် ယခုလို ခြင်းလုံးခတ်ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ သီရိသုဓမ္မမဏိဇောဓတရ လူမှုထူးချွန်ပထမအဆင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးလှိုင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၀)အောက် အခြေခံအထိ(၆) ချက် ခြင်းလုံးပြိုင်ပွဲနှင့် (၄)ပေါက်တန်းအမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်မည့် ဒိုင်လူကြီး များအား ဆုငွေ ကျပ်(၄)သိန်းအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြိုင်ပွဲဝင် အားကစားသမားမျာက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုပြီး၊ ပြိုင်ပွဲ စတင်ကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှ ပြိုင်ပွဲဝင် အားကစားသမားများ အသင်း လိုက် ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်းနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက် (၂၀)နှစ်အောက် အခြေခံအထိ(၆)ချက်(ကျား/မ)ခြင်းလုံးပြိုင်ပွဲနှင့်(၄)ပေါက်တန်း အမျိုးသား ခြင်းလုံး ခတ်ပြိုင်ပွဲကို (၂၃-၁၁-၂၀၂၁)ရက်နေ့မှ (၂၇--၁၁-၂၀၂၁)ရက်နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း