မကွေး နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က လွတ်လပ် ရေးနေ့သည် နိုင်ငံတော်အတွက် အထွဋ်အမြတ် ထားရသော နေ့တစ်နေ့ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ပေးအပ်ခြင်းခံရသော ဆပ်ကော်မတီများ အနဖြင့် မိမိတို့ ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များအား ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံနှင့် လွတ်လပ်ရေးပန်းခြံတို့တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရန်အတွက် သန့်ရှင်းသာယာလှပရေးကို အထူးအလေးထား ဆောင်ရွက်စေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက အမှာစကား ပြောကြားပြီး၊ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ မကွေးတိုင်းဒေ သကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်က လွတ်လပ်ရေးနေ့ အခမ်းအနားတွက် ကော်မတီများ ဖွဲ့စည်းတာဝန် ပေးအပ်ထားမှု၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့် အပ်နှင်းနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် တာဝန်ပေးအပ်ခြင်းခံရ သော ဆပ်ကော်မတီ အသီးသီးမှ မိမိတို့ ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ အား ဆွေးနွေးတင်ပြခဲ့ကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသူများက လိုအပ်သည် များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မကွေးတိုင်းဒေသကြီး၌ အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနား၊ တိုင်းဒေသကြီး ဂုဏ်ထူး ဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းရေး အခမ်းအနားများနှင့် လွတ်လပ်ရေး နေ့ အထိမ်အမှတ် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။