မကွေး နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁)အစည်းအဝေးကို နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတို်င်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ ကဏ္ဍစုံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှုတွေရရှိနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝ ချမ်းသာရေးအတွက် နိုင်ငံတော်အတွင်း FDI နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားများပြားလာခြင်းမှာ အဓိက ဖြစ်ပါကြောင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ နည်းပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ တိုးပွားများပြားလာမှာ ဖြစ်ကြောင်း၊ နိုင်ငံသားလုပ်ငန်းများ ဖွံ့ဖြိုးလာစေဖို့ လိုအပ်တဲ့နည်းပညာ ကျွမ်းကျင်မှုတို့ ရရှိစေဖို့အတွက် မြန်မာ နိုင်ငံကုမ္ပဏီများ ဥပဒေတွင် နိုင်ငံသားလုပ်ငန်းရှင်များ အတွက်အရေးကြီးတဲ့ ပြဋ္ဌာန်းချက် တစ်ခု ပါရှိကြောင်း၊ မြန်မာနိုင်ငံသားကုမ္ပဏီ တစ်ခုတွင် နိုင်ငံခြားသားပါဝင်မှုကို ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြု ပေးထားပါကြောင်း၊ နိုင်ငံခြားသား လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသားကုမ္ပဏီတွင် ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အရေး တွေပေါ်လာသလို၊ မိမိတို့ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့ လုပ်ငန်းမှာ နိုင်ငံခြားသား စီးပွားရေးမိတ်ဖက်များကို တရားဝင်ဖိတ်ခေါ်ခွင့် ရတဲ့အတွက် လုပ်ငန်း အတွက် လိုအပ်တဲ့ ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်ရရှိခြင်းစသည့် အကျိုးကျေးဇူးများ ကို ရရှိလာနိုင်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံ အတွင်းတိုးပွား များပြားလာစေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အညီ ရင်းနှီးမြှုပ်နှံ သူများ ရသင့်ရထိုက်သော အခွင့်အလမ်းများပေးခြင်းနှင့် လုပ်ငန်းအပေါ်အာမခံခြင်းတို့ကို ခွင့်ပြု ပေးထားပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေတွင်လည်း National Treatment ကို ဖော်ပြ ထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအပေါ် အာမခံခြင်းနှင့် ပတ်သက်၍ နိုင်ငံပိုင်သိမ်းယူခြင်း(Nationaliza tion)၊ တိုက်ရိုက်သိမ်းယူခြင်း(သို့မဟုတ်)သွယ်ဝိုက်သိမ်းယူခြင်း (Direct or Indirect Expropriation) တို့ ပြုလုပ်မည် မဟုတ်ကြောင်း၊ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် တိုင်းဒေသ ကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် မတည်ငွေရင်း အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်) မြန်မာကျပ်ငွေ သန်းခြောက်ထောင် အထိရှိသော လုပ်ငန်းများကို စိစစ်ခွင့်ပြု ပေးပါကြောင်း၊ လုပ်ငန်း ရှင်များ အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုမိန့် (သို့မဟုတ်) ခွင့်ပြုမိန့် ရယူ ၍ အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ အခွင့်အလမ်းများကို လျှောက်ထားရယူနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး(၆/၂၀၂၁) အစည်း အဝေးတွင် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှု်ပနှံမှုလုပ်ငန်း(၁)ခု၏ ကုန်ကြမ်း အမျိုးအစား တိုးမြှင့်တင်သွင်း ရန်နှင့် ထုတ်ကုန်အမျိုးအစား တိုးမြှင့်ထုတ်လုပ်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကော်မတီအဖွဲ့ဝင် များက ဆွေးနွေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ ရင်းနှီးမြှုပ်နှံမှုအတည်ပြုမိန့်များ လျှောက် ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် မြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။