မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မင်းလှမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မင်းလှမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေး နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ရဲမှူးကြီး သူရသွင်ကိုကိုနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ ကာ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက မင်းလှမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ် လယ်လှ ကျေး ရွာရှိ တောင်သူဦးရွှေတိုး၏ ရွှေတောင်(၈)စံပြ ဝါစိုက်ခင်း(၁၀)ဧက စိုက်ပျိုးဖြစ်ထွန်းနေမှု၊ ချည်မျှင်ရှည် ဝါ စုပေါင်းကောက်သိမ်းဆွတ်ခူးနေမှု၊ ဒေသထွက်ကုန်များဖြစ်သည့် လက်ရက်ကန်းဖြင့် ရက်လုပ်ထား သော ချည်ထည်များ ခင်းကျင်းပြသထားမှုများအား ကြည့်ရှုအားပေးသည်။

#ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချည်မျှင်ရှည်ဝါစိုက်ခင်းအနီးရှိ ရှင်းလင်းဆောင်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ‌မြို့နယ်အတွင်း ဝါစိုက်ပျိုးမှုများ၊ အခြားသီးနှံများစိုက်ပျိုးမှုအ‌ခြေအနေများနှင့် ကျေးရွာနေပြည်သူများမှ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်လှကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း သို့ ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှု၊ ကျောင်းသား/ ကျောင်း သူများ အေးချမ်းစွာ ပညာသင်ကြားနေမှု အခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လူမှုတာဝန် သိမှု(CSR) လုပ်ငန်းတစ်ခုဖြစ်သည့် (၆၀’-၃၀’-၁၂’)ရှိ စာသင်ဆောင် ဆောက်လုပ်နေမှု ကြည့်ရှု စစ်ဆေးကာ၊ ကျေးရွာနေပြည်သူများမှ လက်ရက်ကန်းဖြင့် ချည်စောင်၊ ချည်ပုဆိုး၊ ချည်လုံခြည်၊ ချည်တဘက်၊ဂျပ်ခုတ်လွယ်အိတ်များရက်လုပ်နေမှုအား ကြည့်ရှု၍ ဒေသခံပြည်သူများအား အားပေး စကားပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ဦးကျေးရွာရှိ တောင်သူဦးအေးသောင်း၏ စံပြဝါစိုက်ခင်း ၅ ဧကစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး မင်းလှမြို့၊ ရုံးရပ်တောင်ရပ်ကွက်ရှိ ဦးကင်းဘုရား ဓမ္မာရုံတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးသည်။ ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်ခန်းမသို့ ရောက်ရှိပြီး ခန်းမအဆောက်အဦသစ် ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးက မြို့နယ်ခန်းမ အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေ အနေအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများမှ ကြိုးစားဆောက်ရွက်သွား ကြရန် လမ်းညွှန်အမှာစကား ပြောကြားသည်။ ထိုမှတစ်ဆင့် မင်းဘူးမြို့နယ် ရွာသာယာကျေးရွာအုပ်စု ကန်းနီကျေးရွာ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း