မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းပွဲသို့ တက်ရောက်

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းပွဲသို့ တက်ရောက်

မကွေး ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းပွဲကို ဒီဇင်ဘာလ ၁ ရက် ယနေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းခဲ့သည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ဗုဒ္ဓသာသနာတော်တွင် အများတကာတို့ထက် ထူးခြားသည့် ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များအား ဆိုင်ရာဂုဏ်ထူးဝိသေသများအလိုက် သာသနာတော်ဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးများကို ဘုရားရှင်ကိုယ်တော်တိုင် ပေးအပ်ချီးမြှင့်တော်မူခဲ့သည်ကို သိရှိကြည်ညိုခွင့် ရခဲ့ပါကြောင်း၊ ဗုဒ္ဓဘာသာနိုင်ငံအသီးသီးရှိ မင်းအစိုးရ အဆက်ဆက်တို့ကလည်း သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်သည့် အစဉ်အလာများရှိပြီး ထေရဝါဒ‌ဗုဒ္ဓ သာသနာ တော် ထွန်းကာရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌လည်း သာသနာတော်ကို ကြည်ညို တော်မူသည့် မင်းအစိုးရ အဆက်ဆက်တို့က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား ထူးခြားထင်ရှားသော ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခဲ့ကြရာ မိမိတို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆရာတော်(၃၈)ပါး၊ သီလရှင်ဆရာကြီး(၄)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့ကို သာသ နာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီးဖြစ်ကာ ယနေ့တွင် သာသနာတော်ကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းသည့် သာသနာနုဂ္ဂဟဘွဲ့ တံဆိပ်တော်ရ လူပုဂ္ဂိုလ်များအား ချီးမြှင့်အပ်နှင်းပွဲဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း နိုင်ငံတော်မှ သာသနာနုဂ္ဂဟဘွဲ့ရ ပုဂ္ဂိုလ်များရှိသဖြင့် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း‌ ပြောကြားသည်။

ဆက်လက်၍ သုဓမ္မမဏိဇောတဓရ (သာသနာတော်အတွက် မဏိဇောတပတ္တမြားပမာ နှိုင်း ယှဉ်အပ်သူ)အမျိုးသား ဥပါသကာ(စတုတ္ထအဆင့်)ရရှိသူအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ သုဓမ္မသိင်္ဂီ (သာသနားမြးင့်တော်အတွက် သိင်္ဂီရွှေပမာ နှိုင်းယှဉ်အပ်သူ အမျိုးသမီး ဥပါသကာ(စတုတ္ထအဆင့်)ရရှိသူအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး ဒေါ်၀င်း၀င်းမြင့်မှလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊မကွေးလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ အကြီးအကဲများသည် သာသနာနုဂ္ဂဘွဲ့တံဆိပ်တော် ရရှိသူများနှင့် စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း