မကွေး ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ကျောင်းသုံး ဗလာစာအုပ်နှင့် ယဉ်ကျေးလိမ္မာစာအုပ် များ ပေးအပ်ထောက်ပံ့လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရက်ခရိုင် ပြည်သူ့ဆေးရုံ ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြားပြီး ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ညွန့်ရွှေအောင်ထံသို့ (Oxygen Plant)အဆောက်အဦနှင့် (Trans former) တို့အား လွှဲပြောင်းပေးအပ်ခဲ့ရာ ခရိုင်ကုသရေး ဦးစီးဌာနမှူး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (Oxygen Plant) အဆောက် အဦအတွင်း စက်ရုံ တည်ဆောက်ထားရှိမှုနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှု့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့သည်။