မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးမြို့နယ် သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးမြို့နယ် သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေး

မကွေး ဒီဇင်ဘာ

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ် သဖန်းဆိပ်လျှပ်စစ်မြစ် ရေတင်လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်မှု အခြေအနေများအား တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စပါးစိုက်တောင်သူများ၏ လုပ်ငန်းလိုအပ် ချက် တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

မကွေးမြို့နယ်သည် ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်း မိုးနည်းရေရှားဒေသတွင် ပါဝင်၍ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်(၂၉)လက်မခန့်သာ ရရှိခဲ့သည့်အတွက် နှစ်စဉ်သီးနှံစိုက်ပျိုးရာတွင် သဘာဝ မိုးရေကို သာ အဓိက မှီခိုအားထား စိုုက်ပျိုးရသဖြင့် တစ်နှစ်လျှင်(၂)သီးသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသတွင် သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ခဲ့သည့်အတွက် မကွေးမြို့နယ် သဖန်း ဆိပ်ဒေသရှိ စိုက်ပျိုးမြေ ဧက(၄၅၀၀)ကို ရေသွင်းစိုက်ပျိုးစေခြင်းဖြင့် စပါးနှင့်အခြားသီးနှံများ သီးထပ် သီးညှပ် တိုးချဲ့စိုက်ပျိုးကာ သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ တိုးတက်လာစေပြီး၊ ဒေသဆန်ဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုစေနိုင်ယုံသာမက ဒေသတွင်း တောင်သူတစ်ဦးခြင်း၏ ဝင်ငွေလည်း တိုးတက်လျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း