မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးမြို့နယ် မြင်ကွန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးမြို့နယ် မြင်ကွန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် မြင်ကွန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်း လည်ပတ်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ မြင်ကွန်း တိုက်နယ် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြင်ကွန်းဒေသ အောင်မြင်ဖြစ်ထွန်းသော စပါးခင်း၊ မိုးနှမ်းစိုက်ခင်း၊ ဆောင်း ပဲစဉ်းငုံ၊ မတ်ပဲစိုတ်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု အားပေးပြီး၊ မြင်ကွန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ ရောက်ရှိကာ ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦး နှင့် တာဝန်ရှိသူတို့က မြင်ကွန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေ အနေနှင့် မြင်ကွန်းဒေသရှိ စိုက်ပျိုးမြေဧက(၅၀၀)အား ရေပေးဝေဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီိးချုပ်က လိုအပ်သည်များ မှာကြားဆောင် ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြင်ကွန်းဒေသ စပါးစိုက်တောင်သူ ကြီးများနှင့် တွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ရာ မကွေးမြို့နယ်၏ လယ်ယာကဏ္ဍ စိုက်ပျိုးဆောင်ရွက် ထားရှိမှု အခြေအနေများအား စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသည့် ဒေသခံတောင်သူများက ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးဧက များ စိုက်ပျိုးရေ အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ မြင်ကွန်းဒေသအတွက် လိုအပ်လျက်ရှိသော တိုက်နယ် ဆေးရုံ ချထားပေးနိုင်ရေး၊ ယူရီးယားမြေဩဇာဈေးနှုန်း ကြီးမြင့်သောကြောင့် တောင်သူများ အခက် အခဲကြုံတွေ့ရမှု အခြေအနေများနှင့် မြေဩဇာရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန် ဆွေးနွေး တင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ် များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များအပေါ် ဒေသရေမြေ သဘာဝနှင့် လျော်ညီစွာ နည်းစနစ်တကျ အမှန်တကယ် လက်တွေ့ လိုက်နာ ကျင့်သုံးခြင်းဖြင့် ပိုမိုတိုးတက်သည့် လယ်ယာ ကဏ္ဍ ဖော်ဆောင် နိုင်ရေး မှာကြားကာ တောင်သူများအား အားပေးစကားပြောကြား၍ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဆက်စပ် ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ယူရီးယား မြေဩဇာထုတ်လုပ် ဖြန့်ဖြူးမှု အခြေအနေများနှင့် မြင်ကွန်းလျှပ်စစ်မြစ်ရေတင်ဒေသ၏ လယ်ယာ ကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

မကွေးမြို့နယ် မြင်ကွန်းဒေသရှိ စိုက်ပျိုးမြေ ဧက(၅၀၀)ကို ရေသွင်းစိုက်ပျိုးစေခြင်းဖြင့် စပါးနှင့် အခြားသီးနှံများ သီးထပ် သီးညှပ် တိုးချဲ့စိုက်ပျိုးကာ သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ တိုးတက်လာစေပြီး၊ ဒေသဆန် ဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုစေ နိုင်ယုံသာမက ဒေသတွင်း တောင်သူတစ်ဦးခြင်း၏ ဝင်ငွေလည်း တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း