မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၄/၂၀၂၁)တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၄/၂၀၂၁)တက်ရောက်

မကွေး ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၄/၂၀၂၁)ကို ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီိးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန် အမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက မိမိတို့နိုင်ငံတွင် စိုက်ပျိုးမြေများကို အိမ်ရာနှင့် အဆောက် အဦများ ဆောက်လုပ်ရန် လွယ်လင့်တကူ ခွင့်ပြုပေးလျက်ရှိကြောင်း တွေ့ရှိရသဖြင့် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေးအတွက် ခွင့်ပြုချက်များ ထုတ်ပေးရာတွင် ဒေသဝမ်းစာဖူလုံမှုကိုပါ ထည့်သွင်း ဆုံးဖြတ် ဆောင်ရွက်သွားရန် လမ်းညွှန်မှုပြုခဲ့ခြင်းအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်သို့ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အကြောင်းကြားထားရှိပြီး ဖြစ်ကြောင်း၊ လက်ရှိအခြေ အနေမှာ စာနပ်ရိက္ခာဖူလုံရေးသာမက လယ်ယာကုန်ထုတ်လုပ်မှုဖြင့် လူနေမှုအဆင့် အတန်း မြင့်မားရေး ဆောင်ရွက်ရန် ရည်ရွယ်၍ လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေး မူဝါဒများ တိတိကျကျ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၉-၃-၂၀၂၁)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့်ဖွဲ့စည်းထာရှိသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့် အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှု ကိစ္စရပ်များကို ဆောင်ရွက်ရာမှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့ကို ရှေ့ရှု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ ဆက်စပ်ပတ်သက်သည့်ဌာန အဖွဲ့အစည်း အားလုံးနှင့် ချိပ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက ဌာနအဖွဲ့အစည်း များမှ လျော်ကြေးငွေပေးလျော်ရန်အတွက် အဆိုပြုတင်ပြလာသည့် လျော်ကြေးနှုန်းထားများ၊ လယ်မြေ နှင့် လယ်ယာမြေပေါ်တွင် အခြားနည်း အသုံးပြုခွင့် မရရှိမီ ကြိုတင်အသုံးပြုမှုများအတွက် လယ်ယာ မြေဥပဒေ ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဒါဏ်ကြေးနှုန်းထား သတ်မှတ်နိုင်ရေးအတွက် ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်အဆိုပြု တင်ပြလာမှုအပေါ် သဘောထား မှတ်ချက်ပေးနိုင်ရန် ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်ပြီး လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်လျှောက်ထားသည့် အမှုတွဲ(၆)တွဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ မြေလျော်ကြေးပေးရန် တင်ပြ သည့် အမှုတွဲ(၄)တွဲ၊ ဌာနဆိုင်ရာများမှ မြေအတွက်လျော်ကြေးနှင့်သီနှံအတွက် နစ်နာကြေးပေး လျော်နိုင်ရန် အမှုတွဲ(၈)တွဲ၊ မြေလျော်ကြေးပေးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကြောင်း ကြားထားသည့် အမှုတွဲ(၂)တွဲ၊ အမှတ်(၂) ကာ ကွယ်ရေးပစ္စည်းစက်ရုံ၏ တပ်မတော်တာဝေးစစ်ပစ်ကွင်း (မလွန်)တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်သူများမှ ဆက်လက် နေထိုင်ခွင့်ပြုရန်/ သိမ်းဆည်း လယ်ယာမြေ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန်နှင့် အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်မှ စွန့်လွှတ် မြေများအား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ရေး တင်ပြစာတို့အား သဘောထားမှတ်ချက် ပေးနိုင် ရေး ဆွေးနွေးတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြဆောင်ရွက်ခဲ့မှု အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲက စိစစ်ခြင်း ခွင့်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း