မကွေး ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး အတွင်းရှိ တိုင်းလုံးကျွတ် အိမ်ထောင်စုလူဦးရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေ သကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားကာ ပန်းခင်း စီမံချက်ဖြင့်ဆောင်ရွက်ထားသော အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် တိုင်းဒေသကြီးအတွင်း နေထိုင် သည့် ပြည်သူများအား နိုင်ငံသား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံသားပြုခွင့်၊ နိုင်ငံသား စိစစ်ရေးကတ်များ၊ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းစဉ်များကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုင်ဆောင်လက်မှတ် လက်ဝယ် မရှိသေးသူများ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သောကြောင့် မဲဆန္ဒ ရှင်တိုင်း ဥပဒေအရ ကိုင်ဆောင်နိုင်ရန်နှင့် နိုင်ငံသားတစ်ယောက်၏ လူမှုဘဝလုပ်ငန်း ဆောင်ရွက်မှု အားလုံးတွင် အထောက်အကူပြုသည့် နိုင်ငံသားစိစစ်ရေကတ်ပြားအား ပန်းခင်း စီမံချက်ဖြင့် နိုင်ငံတစ် ဝှမ်းလုံးမှာ ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၏ လမ်းညွှန် ချက်နှင့်အညီ ပြည်သူများ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိရေးအတွက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်အား စစ်ဆင်ရေးသဖွယ် ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရှိရကာ ဝန်ထမ်းများ အနေဖြင့် နိုင်ငံသားတစ်ယောက်၏ လူမှု့ဘဝ လုပ်ငန်းဆောင် ရွက်မှုအားလုံးတွင် အထောက်အကူဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအား မဖြစ်မနေ ဆောင်ရွက် ပေးရမည့် ခံယူချက်ဖြင့် ဆောင်ရွက်ပေးသွားကြဖို့နဲ့ စီမံချက်အောင်မြင်ရေး အတွက် ဝန်ထမ်းအားလုံး အားကြိုးမာန်တက် တက်ညီလက်ညီ ဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က ပန်းခင်းစီမံချက်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ထားရှိမှုများ နှင့် စပ်လျဉ်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ထမ်းများက “ပန်းခင်း တေးရနံ့ကြိုင်လှိုင်သည်” တေးသီချင်းနှင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” စသည့် တေးသီချင်းများဖြင့် သရုပ်ပြဖျော်ဖြေ တင်ဆက်ကာ “ပန်းခင်းမှသည် နှမ်းခင်ဆီသို့” ပညာပေးဇာတ်လမ်းတို အပိုင်း(၁)နှင့်အပိုင်း(၂)တို့အား ပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်တို့က တိုင်းဒေသကြီးအတွင်း မြို့နယ်များအလိုက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင် စုလူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက် ရာတွင် စွမ်းဆောင်ရည် အကောင်းဆုံးဆုများ၊ မီဒီယာကဏ္ဍ အကောင်းဆုံးဆုများနှင့် ပူးပေါင်း ဆောင်ရွက်မှု အကောင်းဆုံး ဆုများအား အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။