မကွေး ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးထွန်းခင်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့်အတူ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲအချိန်က စလင်းမြို့နယ်၊ အင်ကြင်း ပင်လှကျေးရွာအုပ်စု၊ လက်ပံကျင်းကျေးရွာရှိ တောင်သူ ဦးမန်းတင်၏ စံပြဝါမျိုး ယှဉ်ပြိုင်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် ကွင်းသရုပ်ပြပွဲသို့ တက်ရောက် ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က တောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းမှ (၁၀)ဧက ဝါသီးနှံစိုက်ခင်းတွင် ရွှေတောင်(၁၀)နှင့် ငွေချည်(၁၁)အမျိုးအစားများ စိုက်ပျိုးထားရှိမှု အခြေအနေများအား လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က စံကွက်ရိတ်သိမ်းဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ လည်းကောင်း၊ အင်ကြင်းပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် တောင်သူများက ကျေးရွာ စာသင်ကျောင်းနှင့် လယ်မြေနှင့်ယာမြေစိုက်ပျိုးရေးရေ ရရှိရေး ကိစ္စရပ်များအား လည်းကောင်း တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။