စလင်း ဒီဇင်ဘာ ၁၄
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စလင်းမြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်ရွက်သည့် ပုထိုးဖြူရပ်ကွက်၊ ရွှေမြင်တင် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး၊ မြို့နယ်အမှုဆောင်အရာရှိမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များမှာကြားကာ၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်း သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။