မကွေး ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင် ဝန်ကြီးများဖြစ်သော နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးထွန်းခင်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့်အတူ တိုင်း၊ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများလိုက်ပါကာ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက စေတုတ္တရာမြို့နယ် မွန်ဇော်ကျေးရွာရှိ တောင်သူဦးချစ်သန်း ပါ(၁၀)ဦး၏ မိုးစပါးမျိုးစေ့ထုတ်(၁၀) ဧက စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်၍ ကြည့်ရှုအားပေးကာ တောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများ၏ လိုအပ်ချက် တင်ပြခဲ့မှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။