စေတုတ္တရာ ဒီဇင်ဘာ ၁၄
ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတုတ္တရာမြို့ အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာသင်ကြားနေမှု အခြေ အနေ များကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်ချက်များနှင့်သွန်သင် ဆုံးမစကားများ ပြောကြားခဲ့သည်။
ယင်းနောက် ယဉ်ကျေးလိမ္မာစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် နိုင်ငံသားစီစစ် ရေးကတ်ပြားများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ယဉ်ကျေးလိမ္မာစာအုပ်(၁၇၉)အုပ်၊ ကျောင်းသုံး ဗလာစာအုပ်ဒါဇင်(၁၀၀)နှင့် ချင်းစာပေ စာအုပ်များအား ကျောင်းသား/ကျောင်းသူ များထံ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတုတ္တမြို့ တောရအရှေ့ ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိခဲ့ပြီး မြို့နယ် သံဃနာယက ဥက္ကဌ မြကန်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဏ္ဍလ အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။