မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန်းချောင်းရေလှောင်တမံသို့ ရောက်ရှိခဲ့ပြီး တမံအတွင်းရေဝင်ရောက်မှု အခြေအနေ၊တမံကြံ့ခိုင်မှု၊ စိုက်ပျိုးရေပေးဝေမှု အခြေအနေနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု အခြေအနေတို့အား တာဝန်ရှိသူတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ၊ တမံကြံ့ခိုင်မှု အခြေအနေ၊ ရေပိုလွှဲတည်ဆောက်နေမှုနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။