ပခုက္ကူ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရသွင်ကိုကိုတို့သည် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့များနှင့်အတူ ဒီဇင်ဘာလ ၁၉ရက် နံနက် ၉နာရီခွဲအချိန်က ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များအား သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခြင်း၊ ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းများဆောင်ရွက်ကြပြီး ဆေးရုံကြီးအတွင်း တည်ဆောက်ထားရှိသည့် အောက်ဆီဂျင်စက်ရုံ ပုံမှန်လည်ပတ်ထုတ်လုပ်ပေးနိုင်မှုအခြေအနေများကြည့်ရှုစစ်ဆေးခြင်း၊အရေးပေါ်လူနာကုသဆောင်များ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာသီးသန့်ကုသဆောင်၊ ကျောက်ကပ်တုသွေးသန့်စင်ခန်း၊ ခွဲစိတ်ကုသဆောင်နှင့် CCTV တပ်ဆင် ဆောင်ရွက်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက လိုက်လံရှင်းလင်းပြသ သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အဖွဲ့သည် ပခုက္ကူမြို့၊လေယာဉ်ကွင်းဟောင်းရှိ အစိုးနည်းပညာအထက်တန်းကျောင်း ဝန်ထမ်းအိမ်ရာအတွက် လေးခန်းတွဲလေးထပ် သံကူကွန်ကရစ်အဆောက်အဦတည်ဆောက်မှုအခြေအနေများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်း၊ ပခုက္ကူတက္ကသိုလ်တွင် (၁၆၀)ဦးဆံ့ကျောင်းသားအိပ်ဆောင်နှင့်ထမင်းစားဆောင်အဆောက်အဦ ရာနှုန်း ပြည့်တည်ဆောက်ပြီးစီးမှုနှင့် ကျွန်းရွှေဝါခန်းမဆောင်ပြန်လည်မွမ်းမံတည်ဆောက်ပြီးစီးမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြရာ ကျောင်းတာဝန်ရှိသူများနှင့်တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီများက လုပ်ငန်းအသေးစိတ်ဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြကြသည်။