ပခုက္ကူ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးထိန်လင်းသိန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့်ဝန်ထမ်းများနှင့်အတူ ဒီဇင်ဘာလ ၁၈ရက် မွန်းလွဲပိုင်းက နည်းပညာတက္ကသိုလ်(ပခုက္ကူ)၌ ရေချိုပိုက် လိုင်းသွယ်တန်းခြင်းလုပ်ငန်းအိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး ကျောင်းဝန်းအတွင်း တည်ဆောက်ရေးလုပ်ငန်း များလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မွန်းလွဲ ၃နာရီအချိန်က နည်းပညာ တက္ကသိုလ်(ပခုက္ကူ)၌ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်၊ (Mini Budget) ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျောက်လှေး ခါးကျေးရွာမှ ရေချိုပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းအိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး လုပ်ငန်း စံချိန်စံညွှန်း အရည်အသွေးများနှင့်ကိုက်ညီပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကုမ္ပဏီ၊ မိမိအကျိုးအမြတ်ရရှိရေးထက် ကျောင်းအတွက်အမှန်တကယ်အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်မည့် ကုမ္ပဏီများကိုသာ စိစစ်ရွေးချယ်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ပခုက္ကူ)ကျောင်းဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံ ခန်းမတည်ဆောက်ခြင်း၊ ဖူဆယ်ဘောလုံးကွင်းတည်ဆောက်ခြင်း၊ (၁၆၀)ဆံ့ကျောင်းသား၊ကျောင်းသူအိပ်ဆောင်(RC) နှစ်ထပ် အဆောက်အအုံတည်ဆောက်ခြင်းနှင့် လေးခန်းတွဲလေးထပ်အရာရှိဝန်ထမ်းအိမ်ရာအဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်း အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ နည်းပညာတက္ကသိုလ်(ပခုက္ကူ) တာဝန်ခံပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင် နှင့်တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက် ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းအသေးစိတ်အချက်လက်များရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းအမြန်တည်ဆောက်ပြီးစီးရေးနှင့်လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့်ကိုက်ညီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေးလမ်းညွန်မှာကြားပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။