မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန် ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန် ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တွေ့ဆုံဆွေးနွေး

ပွင့်ဖြူ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန် သည် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာ ၁၈ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန် က နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် လုပ်ငန်းဆောင်ရွက် ချက်များ ၊ ပြည်သူများ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း ၊ ပွင့်ဖြူမြို့နယ်အတွင်း မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နှင့် ရပ်ရွာအေးချမ်းသာယာရေး ၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်း ပြည်သူလူထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးလုပ်ငန်း များ ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူများက မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးကာ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးက ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

နောက်ဆုံးရ သတင်း