ပခုက္ကူ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၈ရက် နံနက် ၉နာရီခွဲအချိန်က ပခုက္ကူမြို့၊ပြည်သာယာခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ပခုက္ကူစက်မှုဇုန်လုပ် ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့်အလတ်စားစီးပွားရေး(SME) လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းကုန်ကြမ်းများအား ပိုမိုဆန်းသစ်တီထွင်ထုတ်လုပ်ရောင်းချနိုင်ရေး၊ ကုန်သည်ပွဲစားများ အသင်းပိုမိုခိုင်မြဲရပ်တည်နိုင်စေရေးတို့အတွက် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ထွန်းအောင်က စက်မှု ဇုန်နှင့်ပတ်သက်သည့်ဥပဒေများ၊ ရည်ရွယ်ချက်များနှင့် စက်မှုဇုန်လုပ်ငန်းများ၏ အခွင့်အရေးခံစားခွင့်များအကြောင်းတို့ကို ရှင်းလင်းတင်ပြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ထွန်းအောင်နှင့်ခရိုင်၊မြို့နယ်ဦးစီးမှူးများ၊ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူ၊ ပခုက္ကူစက်မှုဇုန် လုပ်ငန်းရှင်များနှင့် စက်မှုဇုန်ပြင်ပစက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။