မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မကွေး ဒီဇင်ဘာ ၁၈

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်း‌ဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မကွေးတိုင်း‌ဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်‌‌ရေး လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ပေးနေမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံပေးနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မှုများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း