မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ပခုက္ကူမြို့နယ်အတွင်းရှိ စက်ရုံ၊အလုပ်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်မှုအခြေအနေကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ပခုက္ကူမြို့နယ်အတွင်းရှိ စက်ရုံ၊အလုပ်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်မှုအခြေအနေကွင်းဆင်းကြည့်ရှုစစ်ဆေး

ပခုက္ကူ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူခရိုင်စီမံအုပ်ချုပ်‌ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ပခုက္ကူမြို့နယ်အတွင်းရှိ စက်ရုံ၊အလုပ်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်မှုအခြေအနေများကို ဒီဇင်ဘာလ ၁၇ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပထမဦးစွာ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် နံနက် ၁၀နာရီအချိန်က ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ တရုတ်နိုင်ငံ Hong Kong အထည်ချုပ်စက်ရုံ ရုံးခွဲတစ်ခုဖြစ်သည့် Myanmar Efforts ကုမ္ပဏီအထည်ချုပ်စက်ရုံသို့ သွားရောက်ပြီး အထည်ချုပ်စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်မှုအခြေအနေများကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ စက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး စက်ရုံဝန်ထမ်းများ၏ ကျန်းမာရေး၊လူမှုရေးနှင့်လုံခြုံရေး အခြေအနေများ မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်‌ပေးသည်။

ဆက်လက်ပြီး ဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူစက်မှုဇုန်အတွင်း လုပ်ငန်းဆောင်ရွက်မှုများလှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ 7 Color သွပ်အမိုးပြားနှင့်ဆက်စပ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ၏ လုပ်ငန်းပုံမှန်လည်ပတ်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ အမှတ်(၅)အထည်ချုပ်စက်ရုံ(ပခုက္ကူ)၌ စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်မှုအခြေအနေများ လှည့်လည်ကြည့်ရှုပြီး စက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ပခုက္ကူမြို့နယ်၊ကိုးပင်ကျေးရွာရှိအမှတ်(၄)စက်မှုသင်တန်းကျောင်းသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းများ ကွင်းဆင်းဆောင်ရွက်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်‌ရွက်‌ပေးသည်။

ထို့နောက် ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စုတွင် ရေနံချက်စက်ရုံအသစ် တည်ဆောက်ထားရှိမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် Suny Global ကုမ္ပဏီတာဝန်ခံအင်ဂျင်နီယာ ဦးတင်ဦးက ရှင်းလင်းတင်ပြသည်။

နောက်ဆုံးရ သတင်း