မကွေး ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး(တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး)ဦးဝင်းရှိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးပေါ်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ရပ်ကွက်ကျေးရွာအုပ်စုစာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီးရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။