မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၄၀/၂၀၂၁) တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၄၀/၂၀၂၁) တက်ရောက်

မကွေး ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄၀/၂၀၂၁)ကို ဒီဇင်ဘာလ ၂၀ ရက် ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန်)သည် ကူးစက်မှုများ တိုးပွားလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန်)သည် ကူးစက်မှုများ ရှိလာသည်ကို တွေ့ရှိရသဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကြိုတင်ဆောင်ရွက်ထားရှိရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုများ လျော့နည်းလာပြီ ဖြစ်သော် လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် RDT Test Kit စစ်ဆေး ခြင်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအနေဖြင့် (၄၇)ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကာ ကျန်ရှိ နေတဲ့ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက် စေလိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဝင်ရောက်လာသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit စစ်ဆေးခြင်းများ စစ်ဆေး ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အောက်ဆီဂျင် စက်ရုံများအား အမြဲတမ်း အဆင့်သင့် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွန်ရန်လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေများ၊တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံပေးမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး က ကိုဗစ်-၁၉ ရာဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများအား လည်းကောင်း၊ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊

တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့် တစ်ပြေးညီ လိုက်နာ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း