မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပွင့်ဖြူမြို့တွင် ပွင့်ဖြူမျိုးသန့်စိုက်ပျိုးရေးခြံ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပွင့်ဖြူမြို့တွင် ပွင့်ဖြူမျိုးသန့်စိုက်ပျိုးရေးခြံ ကြည့်ရှုစစ်ဆေး

မကွေး ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် အဖွဲ့ဝင် ဝန်ကြီးများဖြစ်သော သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ်ဦးဝင်းမြင့်နှင့်အတူ တိုင်း၊ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများလိုက်ပါကာ ဒီဇင်ဘာလ ၂၄ နံနက်ပိုင်းက ပွင့်ဖြူမြို့ ပွင့်ဖြူမျိုးသန့်စိုက်ပျိုးရေးခြံသို့ ရောက်ရှိပြီး သီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ဆင်းသုခ မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးသည်။

ကွင်းဆင်းကြည့်ရှုစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန တိုင်း၊ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူတို့မှ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေမြေဒေသနှင့်ကိုက်ညီသော မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး၊ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရေး၊နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် စီးပွားရေးတွက်ချေကိုက် သော သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး မှာကြားဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရ သတင်း