မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ရေနံချောင်းမြို့နယ် ဂျုပ်ပင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသာစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ရေနံချောင်းမြို့နယ် ဂျုပ်ပင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသာစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး

ရေနံချောင်း ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သုံးဆယ့်ခြောက်ကျေးရွာအုပ်စု ဂျုပ်ပင်ကျေးရွာ ဘုန်းတော် ကြီးကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများအားအိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအား‌ပေးသည်။

ထိုသို့ ဆောင်ရွက်စဉ် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်က ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ ဆုံ၍ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မပျောက် ပျက်အောင်ထိန်းသိမ်းရမည့် နည်းလမ်း များအား လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော်နှင့်ဝန်ထမ်းများက ဂျုပ်ပင်ကျေးရွာဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာ နိုင်-၃(က)ဖြင့် ၂၄ ဦး၊ နိုင်-၆(က)ဖြင့် ၂၆ ဦး၊ လဲလှယ် ၃၂ ဦး၊ မိတ္တူ ၄၅ ဦး စုစုပေါင်း ၁၂၇ ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း