မကွေး ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန ဌာနတွင်း ရက်တို မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးမြို့၊ အ.ထ.က(၁) ကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ထမ်းများသည် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအား ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယခုမွမ်းမံသင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/သူများ အနေဖြင့် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ့ ဝန်ထမ်းစံတန်ဖိုးများဖြင့် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး စွမ်းဆောင်ရည်ပြည့်ဝပြီး တာဝန်ကို လိုလားစွာ ထမ်းဆောင်နိုင်သော ဝန်ထမ်းများ ဖြစ်စေလိုကြောင်းနှင့် သင်တန်း နည်းပြ ဆရာ/ ဆရာမများမှ သင်ကြားပေးသည့် သင်ခန်းစာများအား ကြိုးကြိုးစားစား လေ့လာသင်ယူစေလို ကြောင်း ပြောကြားသည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား/သူ (၅၉)အား (၂၈.၁၂.၂၀၂၁)ရက်နေ့မှ (၃၀.၁၂.၂၀၂၁) ရက်နေ့အထိ သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။