မကွေး ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲ အခမ်း အနားကို ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ကျင်းပပြုလုပ်တဲ့ အခမ်း အနားကတော့ ပုံမှန်ကျင်းပသည့် အခမ်းအနားနှင့် မတူဘဲ တိုင်းဒေသကြီး၏ ဂုဏ်ထူးဆောင် လက်မှတ်များနဲ့ ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားဖြစ်သည့်အတွက် ထူးခြား လေးနက်သည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဆုတံဆိပ်များ သမိုင်းမှာ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သော မြန်မာမင်းများလက်ထက်မှ နိုင်ငံတော်အစိုးရ အဆက်ဆက်တို့ သည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ သော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား သက်စွန့်ကြိုးပမ်း ကာကွယ်စောင့်ရှောက်သူများ၊ စိုက်ပျိုးရေး၊ လူမှုရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ထူးချွန်သူများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူများ၊ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သူများ၊ သာသနာရေးကို အားပေးဆောင်ရွက်သော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းခဲ့ကြပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ညီညွတ်ရေးအတွက် ကောင်းမြတ်သော အစဉ်အလာ တစ်ခုဖြစ်ကာ ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယနေ့မိမိ တို့နိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ(၁၄)ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၏ လွှတ်တော်နည်းဥပဒေအမှတ်(၁၅၅)ဖြင့် ထုတ်ပြန်ခဲ့သော ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေအရ တိုင်းဒေသကြီးအတွင်း အေးချမ်းသာယာပြီး ဖွံံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရာမှာ ဘက်စုံထောင့်စုံမှ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဂုဏ်ပြုသင့် ဂုဏ်ပြု ထိုက်သော ပုဂ္ဂိုလ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပေးရမည်ဖြစ်ကာ ယခု ၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်ခံရသူများကို ကြည့်ပါက တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၃၉)ဆု၊ စီမံခန့််ခွဲရေးဆိုင်ရာဂုဏ်ထူးဆောင်ဆု(၁)ဆု၊ စိုက်ပျိုးရေးဆိုင်ရာ ဂုဏ်ထူး ဆောင်ဆု(၅)ဆု၊မွေးမြူရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁)ဆု၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၂၀)ဆု၊ စက်မှုလက်မှုရေးဆိုင်ရာဂုဏ်ထူးဆောင်ဆု(၁)ဆု၊ လူမှုရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၄၅)ဆု၊ ကျန်းမာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁၁)ဆု၊ အားကစားဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၈)ဆု၊ ဘာသာ သာသနာဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁)ဆု၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဂုဏ်ထူးဆောင်ဆု(၁)ဆု၊ စံပြထူးချွန်ဆု(၁)ဆု စုစုပေါင်း(၁၃၄)ဆု ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း၊ ဂုဏ်ပြုချီးမြှင့်ထိုက်သူ များကို ဂုဏ်ပြုချီမြှင့်ခြင်းသည် မင်္ဂလာ တရားတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုခြင်းဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ရမည့် ဖွံံ့ဖြိုးတိုးတက်မှုများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုမှ ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန် ဆု ရရှိသူများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ဗီဒီယိုကလစ်ဖြင့် ပြသကာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်က တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုများ ရရှိသူများအား ဆုများအပ်နှင်းချီးမြှင့်ပြီး၊ မကွေးမြို့ အ.ထ.က ကျောင်းများမှ ကျောင်းသား/သူများက ထာဝရသစ္စာတေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ မကွေးလေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူး ချုပ် ဝင်းမောင်သိန်းက တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုနှင့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ထူးချွန်ဆု ရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ ပညာရေးကောလိပ် ဆရာ/ဆရာမများမှ ပြည်မြန်မာ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းက ဘာသာ၊ သာသနာ ဆိုင်ရာထူးချွန်ဆု၊ ယဉ်ကျေးမှုဆိုင်ရာထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု ရရှိသူများအား လည်း ကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် လင်းက ကျန်းမာရေးဆိုင်ရာ ထူးချွန်ဆုနှင့် စိုက်ပျိုးရေးဆိုင်ရာထူးချွန်ဆု ရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်က ကျန်းမာရေးဆိုင်ရာထူးချွန်ဆု၊ စိုက်ပျိုးရေး ဆိုင်ရာထူးချွန်ဆုနှင့် အားကစားဆိုင်ရာ ထူးချွန်ဆု ရရှိသူများအားလည်းကောင်း၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အားကစားဆိုင်ရာထူးချွန်ဆု၊ မွေးမြူရေး ဆိုင်ရာထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆု ရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရသွင်ကိုကို၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်တို့က လူမှုရေးဆိုင်ရာ ထူးချွန်ဆု ရရှိသူများအားလည်းကောင်း ဆုများ အသီးသီချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေ သကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဆုရရှိသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားတွင် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက် ခဲ့သည့် အဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။