မကွေး ဧပြီ ၁၂
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန် ချက်များအား ရှင်းလင်းပွဲ အခမ်းအနားကို ဧပြီလ ၁၂ ရက် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က CDM လှုပ်ရှားမှုသည် နိုင်ငံဖျက်သည့် လှုပ်ရှားမှုဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုကို Country Destroyer Movement ဟု ပြောလိုကြောင်း၊အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတစ်ကာတွင်လည်း ဆန္ဒပြမှုများရှိ သော်လည်း စီးပွားရေးလုပ်ငန်းများ ပျက်စီးအောင် မလုပ်ဆောင်ကြကြောင်း၊မိမိတို့နိုင်ငံ၌ ဆေးရုံ၊ ကျောင်း၊လမ်း၊ ရုံးဌာန များ၊စက်ရုံ/အလုပ်ရုံများ လည်ပတ်၍ မရအောင် CDM ဆောင်ရွက်မှုသည် တိုင်းပြည်ပျက်စီးအောင် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်းမာရေး၊ ပညာရေး ကဏ္ဍများကိုလည်း အဓိကထားဆောင်ရွက်ပေးရန်နှင့် ကိုဗစ်-၁၉ ကြောင့်ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံကျောင်းများအပါအဝင် တက္ကသိုလ်ကျောင်းများကိုလည်း အမြန်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ မြစ်ရေတင် လုပ်ငန်းများအား Solor စနစ်ဖြင့် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် ဒေသထွက်ကုန်များကို ခေတ်မီသော ထုတ်ပိုးမှုပံစံဖြင့် ကောင်းမွန်အောင်လုပ်ဆောင်၍ one village ၊ one product လုပ်ဆောင်ရန်အတွက် ဒေသမှ စံပြထုတ်ကုန် တစ်မျိုးချင်းအလိုက် ဈေးကွက်ဝင်အောင် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ ပိုမို ဝင်ရောက်လာစေရေးအတွက် ခရီးသွားလုပ်ငန်းကဏ္ဍများ တိုးတက်လာစေရေး ကြိုးပမ်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူနေမှု စနစ််မြင့်မား လာစေရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း မိမိတို့ဒေသကို တိုးတက် ကောင်းမွန်လိုသည့် စိတ်ထားမွေးမြူ၍ နိုင်ငံဝန်ထမ်းကောင်း ပီသစွာဖြင့် လုပ်ကိုင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းဦးနှင့် အဖွဲဝင်များက အမှာစကား အသီးသီးပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး ခရိုင်(၅)ခရိုင်မှ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ များက မိမိတို့ခရိုင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ တင်ပြကာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။