အထက်မင်းလှ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်း ရေးမှူးဦးဝင်းရှိန်သည်မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၊စာရေးဝန်ထမ်းများအားယနေ့နံနက် ၉နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ ကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးဝင်းရှိန်က ခေတ်အဆက်ဆက်အုပ်ချုပ်ရေးစနစ်ပြောင်းလဲလာမှုများ၊လက်ရှိအုပ်ချုပ်ရေးစနစ်အခြေအနေများ၊အုပ်ချုပ်ရေးစနစ်တွင်အဓိကျသည့်တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊အခွန်ကောက်ခံရေး၊ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအားအကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲတက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများမှ ရပ်ကွက်/ကျေးရွာများအတွင်းလိုအပ်ချက်များအားတင်ပြကြရာမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးကလိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။