မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် စကုမြို့ကြက်ခြေနီအသင်းခွဲ(ငယ်)ရုံးနှင့် စကုမြို့မဈေးသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်၊ စကုမြို့ အားကစားကွင်း တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် စကုမြို့ကြက်ခြေနီအသင်းခွဲ(ငယ်)ရုံးနှင့် စကုမြို့မဈေးသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်၊ စကုမြို့ အားကစားကွင်း တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မင်းဘူး ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဇန်နဝါရီ ၁၀ ရက် ယနေ့နံနက် ၈ နာရီခွဲက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့သို့ ရောက်ရှိပြီး ကြက်ခြေနီအသင်းခွဲ(ငယ်)ရုံးနှင့် စကုမြို့မဈေးသစ်တို့အား ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မင်းဘူးမန်းရေနံမြေမှ (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်၊ မီနီဘတ်ဂျက် ခြောက်လတာကာလအတွင်း CSR ရန်ပုံငွေမှ ခွင့်ပြုငွေကျပ် သိန်း(၇၀)ဖြင့် တည်ဆောက်ပေးခဲ့သော စကုမြို့ကြက်ခြေနီ အသင်းခွဲ(ငယ်)ရုံးအား မင်္ဂလာအချိန်၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြက်ခြေနီအသင်းခွဲ(ငယ်) တပ်ဖွဲ့ဝင်များအတွက် ကြက်ခြေနီဝတ်ဆုံများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ စကုမြို့ကြက်ခြေနီအသင်းခွဲ(ငယ်)ဥက္ကဌမှ မန်းရေ နံမြေ အထွေထွေမန်နေဂျာ ဦးခွန်းမျိုးသန့်ထံ ရုံးအဆောက်အဦ ဆောက်လုပ်ပေးခြင်းတွက် ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ် နှင့်အဖွဲ့သည် စကုမြို့ကြက်ခြေနီ အသင်းခွဲ(ငယ်)ရုံး ဆောက်လုပ်ပြီးစီးမှုနှင့် ရုံးအတွင်းကယ်ဆယ် ရေးသုံးပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စကုမြို့မဈေးသို့ ရောက်ရှိပြီး စကုမြို့မ ဈေးသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြိီး အစိုးရအဖွဲ့ အနေနဲ့ စကုမြို့မှာ ယခုလိုတည်ဆောက်ပေးခဲ့တဲ့ စျေးသစ်ကြီးမှာ ရေရှည်တည်တံ့ ခိုင်မြဲရေး သန့်ရှင်း သာယာလှပရေးတို့အတွက် စျေးသူ စျေးသားများ စျေးကော်မတီများ မြို့မိမြို့ဖများနဲ့ မြို့နယ်စည်ပင် သာယာရေးကော်မတီတို့မှ ဝိုင်းဝန်း ထိမ်းသိမ်း ဆောင်ရွက်မှသာ ရေရှည် ကောင်းမွန် သန့်ရှင်းတဲ့ စျေးတစ်စျေးဖြစ်မှာ ဖြစ်ကြောင်း မှာကြားပြီး စကုမြို့မဈေးသစ် ဆိုင်းဘုတ်အား မင်္ဂလာအချိန်၌ စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စကုမြို့၊ မြို့မိ/မြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဈေးသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသူများအား အမှတ်တရလက် ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီး ဈေးသစ် ကြီးအတွင်း ဒေသခံပြည်သူများနှင့် ဈေးသူ/ဈေးသားများ ရောင်းချဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ဈေးသစ်ကြီးတွင် ဈေးရုံကြီး (၄)ရုံ၊ ပျံကျ ဈေးရုံအသေး (၆)ရုံ၊ အလတ်(၂)ရုံနှင့် မှတ်ပုံတင်ဆိုင်ခန်းပေါင်း(၂၅၀)ကျော်ပါဝင်ပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံ ရန်ပုံ ငွေမှ ခွင့်ပြုငွေကျပ်သန်း(၆၀၀)အကုန်ကျခံကာ အသစ်ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စကုမြို့ အားကစားကွင်း တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရှင်းလင်းဆောင်တွင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေ သကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

May be an image of 9 people, people standing and roadMay be an image of 11 people, people standing, outdoors and treeMay be an image of 12 people, people standing and outdoorsMay be an image of 10 people, people standing and outdoorsMay be an image of 13 people, people standing and outdoorsMay be an image of 5 people, people standing and indoorMay be an image of 8 people, people standing and outdoorsMay be an image of 11 people and people standingMay be an image of 1 person, standing and outdoorsMay be an image of 5 people and people standingMay be an image of 9 people, people standing and outdoorsMay be an image of 9 people, people standing and outdoorsMay be an image of 7 people and people standingMay be an image of 8 people and people standingMay be an image of 7 people, people standing and outdoorsMay be an image of 8 people and people standingMay be an image of 7 people, people standing and outdoorsMay be an image of 6 people and people standingMay be an image of 10 people, people standing and outdoorsMay be an image of 14 people, people standing, people walking and outdoorsMay be an image of 6 people and people standingMay be an image of 11 people, people standing and outdoorsMay be an image of 4 people, people standing and outdoors

နောက်ဆုံးရ သတင်း