မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းဘူး(စကု)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းဘူး(စကု)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး ဇန်နဝါရီ ၁၁

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဇန်နဝါရီ ၁၀ ရက် (ယမန်နေ့) နေ့လည်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ တောင်မန်းကျေးရွာ အခြေခံပညာ အထက် တန်းကျောင်းခွဲ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု၊ ကိုင်းတောကြီးကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် မင်းဘူးခရိုင် ထွေ/အုပ်ရုံး စုပေါင်းရုံးလေးထပ်ဆောင် ဆောက်လုပ်နေမှုအခြေအနေ များအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ နှင့် တာဝန်ရှိသူများက တောင်မန်းကျေးရွာသို့ သွားရောက်၍ အခြေခံပညာဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၊ ခွင့်ပြုငွေကျပ် (၂၀၇.၄၈)သန်းဖြင့် (အလျား ပေ ၁၄၀ x အမြင့် ပေ ၃၀) RCC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ၀န်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူ များနှင့် တွေ့ဆုံ၍ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြမှုများကို ဖြည့်စည်း ဆောက် ရွက်ပေးကာ၊ ဒေသခံတောင်သူဦးကြီးများအနေဖြင့်လည်း မိမိတို့ဒေသ အကျိုးစီးပွားများ ဖြစ်ထွန်း စေမည့် ကုန်ထုတ်သမအသင်းများဖွဲ့စည်း ဆောင်ရွက်သွားရန်မှာကြားပြီး၊ ကျောင်းသားများအတွက် ကျောင်း သုံးဗလာစာအုပ်များနှင့် ယဉ်ကျေးလိမ်မာစာအုပ်များ ထောက်ပံ့ပေးအပ်၍ ကျောင်းသားများ တက်ရောက်ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုင်းတောကြီးကျေးရွာသို့ရောက်ရှိပြီး ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး တောင်သူများ၏ လယ်ယာကုန်ပစ္စည်းများ ဈေးကွက်သို့ လွယ်ကူချောမွေ့လျင်မြန်စွာ သယ်ယူ ပို့ဆောင်ရောင်းချနိုင်ရန် ယခုလမ်းကို ဖောက်လုပ်ပေးရခြင်းဖြစ်ကြောင်း၊ လမ်းရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းထိမ်းသိမ်းကြရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများ၏ တင်ပြချက်နှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်စည်းဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ မြေနီကျောက်စရစ်ကုန်ထုတ်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၊ လမ်းအရှည် 1/1.2 mile ၊ အကျယ် ၁၄ ပေ၊ ထု ၁ ပေ ၉ လက်မဖြင့် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၄၀.၂၂၀)သန်းဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က စင်တင်ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာပေါင်း (၄)ရွာမှ အိမ်ခြေပေါင်း (၃၅၅)အိမ်၊ လူဦးရေ (၁၆၀၀)ဦး၏ အကျိုးပြု စိုက်ဧကပေါင်း (၂၂၀၀)ကျော်မှ လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

          ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး (၄)ထပ်ဆောင် ဆောက်လုပ်မှု အ‌ခြေအနေအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်ပြီး အချိန်မီ ပြီးစီးရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ဆောင်ရွက်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း