မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မင်းဘူးမြို့နယ် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၂၁၃) ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖွင့်ပွဲတက်ရောက် ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မင်းဘူးမြို့နယ် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၂၁၃) ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖွင့်ပွဲတက်ရောက် ဖွင့်လှစ်

မကွေး ဇန်နဝါရီ ၁၂

          တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ကမ်းနီလျှပ်စစ်မြစ်ရေတင် လုပ်ငန်း (၂၁၃) ကီလိုဝပ် ဆိုလာ ဓါတ်အားပေးစနစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်တာဝန်ရှိသူများက မင်္ဂလာအချိန်၌ (၂၁၃)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

          ဖွင့်ပွဲအခမ်းအနား ဆက်လက် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြား ပြီး၊ ဆိုလာဓါတ်အားပေးစနစ်အား လုပ်ငန်းဆောင်ရွက်ခဲ့သည့် MSP ကုမ္ပဏီမှ မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံသို့ လွှဲပြောင်း မှတ်တမ်းပေးအပ်ကာ၊ ဆိုလာဓါတ်အားပေးစနစ် ဆောင်ရွက်ပေးနိုင်ခဲ့မှုအပေါ် ဒေသခံတောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မင်းဘူးမြို့နယ် ကမ်းနီလျှပ်စစ်မြစ်ရေတင် လုပ်ငန်းမှ (၂၁၃)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်ရေးလုပ်ငန်းကို (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၂၃၅.၅၄၅) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Myanmar Solar Power Trading ကုမ္ပဏီမှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ အဆိုပါ (၂၁၃)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖော်ဆောင်နိုင်ခဲ့သည့်အတွက် အကျိုးပြုဧရိယာ(၇၅၇) ဧကအနက် လျှပ်စစ်မြစ်ရေတင်စနစ်မှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါး (၁၈၆)ဧကနှင့် အခြားသီးနှံ ဧက(၅၀၀)တို့ကို စိုက်ပျိုးရေဖြန့်ဝေ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုလာစနစ်ကို တပ်ဆင်သုံးဆွဲနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို လျော့ချနိုင် မည့်အပြင် မီတာယူနစ် ကုန်ကျစရိတ်သက်သာခြင်း၊ စိုက်ပျိုးရေ ရယူရာ တွင်လည်း စဉ်ဆက်မပြတ် ဖြန့်ဝေ ဆောင်ရွက်ပေးနိုင်မှာဖြစ်၍ တောင်သူများ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း