မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မင်းလှမြို့ မြို့နယ်ခန်းမသစ်နှင့် မင်းဘူးမြို့နယ် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၂၁၃)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖွင့်ပွဲများ တက်ရောက် ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မင်းလှမြို့ မြို့နယ်ခန်းမသစ်နှင့် မင်းဘူးမြို့နယ် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၂၁၃)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖွင့်ပွဲများ တက်ရောက် ဖွင့်လှစ်

မကွေး ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဇန်နဝါရီ ၁၁ နံနက် ၈ နာရီခွဲ အချိန်က မင်းလှမြို့သို့ ရောက်ရှိပြီး မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါ ရီလ(၁)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(၁)နှစ်ပြည့်ကာလကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် မြို့နယ်ခန်းမသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေ သကြီးအစိုးရအဖွဲ့ အနေနဲ့ ဆောက်လုပ်ပေးခဲ့တဲ့ မြို့နယ်ခန်းမသစ်ကို ရေရှည်တည်တံ့ခိုင်မြဲပြီး သန့်ရှင်း သာယာလှပနေစေရေးအတွက် မြို့မိမြို့ဖများ၊ စည်ပင်သာယာရေးကော်မတီတို့မှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် သွားရမှာဖြစ်ကြောင်း၊ မင်းလှမြို့ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး မြို့အင်္ဂါရပ် နှင့်အညီ ဖြစ်စေရန်အတွက် အခြားလိုအပ်သော အခြေခံ အဆောက်အဦများကိုလည်း ပြည့်စုံမှု ရှိစေရေး အမြဲတမ်းကြိုးစားအားထုတ်ရန် လိုအပ်မှာဖြစ်ကြောင်း အမှာစကားပြောကြားပြီး၊ မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးက မြို့နယ်ခန်းမသစ် တည်ဆောက်ခဲ့မှု အခြေအနေအား ရှင်းလင်း တင်ပြကာ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်မှ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများအား မြို့နယ် ခန်းမအသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ မြို့နယ်ခန်းမအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ခန်းမအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သောက်သုံး‌ရေ ဖူလုံမှုရရှိစေရန် အတွက် မြို့မတိုက်နယ် ရွာတော်ကျေးရွာ၊ မြင်ကျတောင်အနီး ကျောက်မှော်ကျောင်းမှ ဂါလံ(၅၀၀၀၀)ဆံ့ ရေစုကန်သို့ ရေပိုက် လိုင်းသွယ်တန်းခြင်းလုပ်ငန်းနှင့် ရေစုကန် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက ရေပိုက်လိုင်း သွယ်တန်း ခြင်းနှင့် ရေစုကန်ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း