မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေး ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ ၁၂ ရက်နေ့မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သည် မိမိတို့ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေးအတွက်ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားအားလုံး စည်းလုံညီညွတ်စွာဖြင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နေ့တစ်တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက် ပြည်ထောင်စုနေ့ အခမ်းအနားအား ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇၅)နှစ်မြောက် ဖြစ်ပြီး စိန်ရတုအထိ ရောက်ရှိခဲ့ပြီဖြစ်ကာ မိမိတို့တိုင်းဒေသကြီးအတွင်း (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေး တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုကြစေလိုကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွင် ပြခန်းများ ခင်းကျင်းပြသရာတွင် ပြည်သူများ စိတ်ဝင်စားပြီး ဗဟုသုတရစေမည့် ပြခန်းများနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများကို ပါဝင်ပြသစေလိုကြောင်း၊ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေးကော်မတီဥက္ကဌ ဗိုလ်မှူးကြီး ကျော်ကျော်လင်းက (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး မိမိတို့လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အသီးသီးရှင်းလင်းတင်ပြရာ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း