မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆေးတက္ကသိုလ်(မကွေး)နှင့် သင်ကြားရေးဆေးရုံ(မကွေး)သို့ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆေးတက္ကသိုလ်(မကွေး)နှင့် သင်ကြားရေးဆေးရုံ(မကွေး)သို့ ကွင်းဆင်းကြည့်ရှု

မကွေး ဇန်နဝါရီ ၁၄

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊တိုင်းရင်းသားရေးရာဝန်ကြီိး ဦးထွန်းခင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များလိုက်ပါကာ ဇန်နဝါရီလ ၁၄ ရက် ယနေ့ နံနက် ၉ နာရီအချိန်က မကွေးဆေးတက္ကသိုလ်သို့ ရောက်ရှိပြီး တည်ဆောက်လျက်ရှိသည့် (၄)ထပ်စာသင်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ Kinectics Arts Co.Ltd ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

          ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆေးတက္ကသိုလ်(မကွေး)ရှိ ဆရာ ဆရာမ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် မှ ကျောင်းမြေအကျယ်အဝန်း၊ ကျောင်းမြေအတွင်း အဆောက်အဦများ တည်ဆောက်မှု အခြေအနေ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြမှု အပေါ် လိုအပ်သည်များအား ညွှန်ကြားဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများ၏ အငှားအိမ်ရာ ငှားရမ်းနေထိုင် ခွင့်ရရှိရေး ကူညီဆောင်ရွက်ပေးပါရန် တင်ပြမှုများအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

           ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်ကြားရေးဆေးရုံ(မကွေး) အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ဆေးရုံအုပ်ကြီးမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြကာ၊ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မကွေးလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိခဲပြီး လေတပ် စခန်းဌာနချုပ်မှူးမှ စိုက်ပျိုးလုပ်ကိုင်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ပြီး ဆိုလာစနစ်ဖြင့်ရေတွင်းတူးဖော်ကာ စိုက်ပျိုးလုပ်ကိုင်မည့်အပေါ် ကူညီဆောင်ရွက်ပေးပါရန်နှင့် တစ်မြို့တွင် ထုတ်ကုန်တစ်မျိုးထုတ်လုပ်ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်ထားရှိခဲ့ သဖြင့် မိမိတို့လေတပ်စခန်းဌာနချုပ်အတွင်းမှ ထွက်ရှိသည့် ထန်းရည်များဖြင့် ချင်းထန်းလျက်များ ထုတ်လုပ်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း