မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) မိုးလုံလေလုံအားကစားခန်းမ ဖွင့်ပွဲသို့ တက်ရောက်

မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) မိုးလုံလေလုံအားကစားခန်းမ ဖွင့်ပွဲသို့ တက်ရောက်

မကွေး ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်(မကွေး)တွင် မိုးလုံလေလုံ အားကစား ခန်းမဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီက အဆိုပါခန်းမရှေ့၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီပွားရေးရာဝန်ကြီး ဦးအောင်ရှိန်၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ကွန်ပျူတာတက္ကသိုလ်(မကွေး)ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်တို့က မိုးလုံလေလုံအားကစားခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားကျင်းပရာ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က လူငယ် များ၏ ဉာဏစွမ်းရည်သာမက ကာယစွမ်းရည်နှင့် ကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှုသည် အမှန်တစ်ကယ် လိုအပ်တာကြောင့် ပညာရေးဆိုင်ရာ အထောက်အပံ့များအား ပံ့ပိုးရမည်ဖြစ်သလို ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကိစ္စများလည်း ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး”သည်လည်း တစ်ခုအပါအဝင်ဖြစ်တာကြောင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ကျောင်းသားလူငယ်များ အားလုံး ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မား လာစေရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ် များသည် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာခေတ်တွင် နိုင်ငံတော်အတွက် အဓိက အားထားရမည့် လူငယ်လူရွယ်များ အား မွေးထုတ်ပေးရမည် ဖြစ်သည့်အတွက် ဆရာ/ဆရာမများ အနေဖြင့်လည်း မိမိတို့၏ လုပ်ငန်း တာဝန်များအား စေတနာထားပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သလို နေ့စဉ်နှင့် အမျှ ပြောင်းလဲ တိုးတက်နေသည့် နည်းပညာခေတ်များကိုလည်း မျက်ခြေမပြတ် အမြဲလေ့လာဆည်းပူး ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် အမှန်တကယ် အားကိုးအားထားပြုရသည့် ဉာဏ စွမ်းရည်သာမက ကာယစွမ်းရည်ပါ ပြည့်ဝသည့် လူငယ်များ မွေးထုတ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင် က ကွန်ပျူတာတက္ကသိုလ်(မကွေး)ရှိ မိုးလုံလေလုံအားကစားခန်းမ တည်ဆောက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ အောင်အောင်သော် ဆောက်လုပ်‌ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက လုပ်ငန်းလွှဲပြောင်းပေးအပ်ကာ၊ မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ခြင်းလုပ်ငန်း အောင်မြင်ခြင်း အထိမ်းအမှတ် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခြင်း၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ Fitness Dance ဖြင့် ဖျော်ဖြေခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

May be an image of 9 people, people standing, balloon, outdoors and text that says 'F တာတက္ကသိုလ်(မ မ တာတက္ကသို လေလုံအားကစာ အားကစာ'May be an image of 1 person and standingMay be an image of 5 people, people sitting, people standing and indoorMay be an image of 4 people, people standing and indoorMay be an image of 8 people, people standing and indoorMay be an image of 12 people and people standing

နောက်ဆုံးရ သတင်း