မကွေး ဇန်နဝါရီ ၂၃
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၃ ရက် ယနေ့နံက် ၈ နာရီက တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က တိုင်းဒေသကြီးအမျိုးသမီးအားကစားဖွဲ့အနေဖြင့် မြန်မာနိုင်ငံ အမျိူးသမီးအားကစားအဖွဲ့၏ ဦးဆောင် မှုဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း အမျိုးသမီး အားကစားအဖွဲ့ အပါအဝင် လူငယ်များနှင့် လှုပ်ရှား ဆောင်ရွက်ခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ အေရိုးဗစ်အားကစားနည်းသည် အားက စားနည်းအားလုံး၏ အခြေခံ အားကစားနည်းဖြစ်ပြီး အထောက်အကူပစ္စည်းကိရိယာ မလိုဘဲ လူခန္ဓာ ကိုယ်တစ်ခုတည်းသော အားကစား နည်းဖြစ်သည့်အတွက် လူအများ ကျန်းမာရေးအတွက် သာမန် ချိန်များတွင်ပါ လေ့ကျင့် ကစားနိုင်သည့် အားကစားနည်းဖြစ်သည်ကို တွေ့ရှိရသည့်အပြင် ကိုယ်ကာ ယကြံ့ခိုင်မှု လေ့ကျင့်ခန်း အာကစားနည်းသည် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် အထောက်အကူပြုသော အားကစားနည်း တစ်ရပ်ဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမည့် (၂၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲတွင် မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ နာယက ဖလား ခရိုင်ပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အနေဖြင့်လည်း စိတ်ဝင်တစား အားကြိုးမာန်တက် ပါဝင် ယှဉ်ပြိုင် ကြစေလိုကြောင်း၊အမျိုးသမီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာအောင် ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်အား ရွတ်ဆို၍ ကွင်း အတွင်းမှ ထွက်ခွာခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆု ငွေများ ပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲများအား ဆက်လက်ကျင်းပခဲ့သည်။
ဆက်လက်ပြီး ဆုပေးပွဲ အခမ်းအနား ကျင်းပရာ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း အေရိုးဗစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော မကွေးခရိုင်အသင်းအား တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က ဆုကလပ်နှင့် ငွေသားဆုကို လည်းကောင်း၊ အကြီးတန်း(၅)ဦးတွဲပြိုင်ပွဲတွင် ပထမ ဆုရရှိသော မကွေးခရိုင်အသင်းနှင့် ဒုတိယဆုရရှိသော သရက်ခရိုင်အသင်းအား တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဥက္ကဌ ဒေါ်သီတာချိုမှ ဆုဆွဲပြားနှင့်ငွေသားဆုများအား လည်းကောင်း၊ အကြီးတန်း(၅)ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော ပခုက္ကူခရိုင်အသင်း၊ အကြီးတန်း (၃)ဦးတွဲပြိုင်ပွဲတွင် ပထမဆုရရှိသော မကွေးခရိုင်အသင်း၊ ဒုတိယဆုရရှိသော မင်းဘူးခရိုင် အသင်း၊ တတိယဆုရရှိသော သရက်ခရိုင် အသင်းနှင့် အကြီးတန်းတစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ဝင်များက ဆုတံဆိပ်များနှင့် ငွေသားဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။