မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်း ဖွင့်ပွဲများသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်း ဖွင့်ပွဲများသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်

ပခုက္ကူ ဇန်နဝါရီ ၂၅

 

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် ဖွင့်လှစ်သည့် ပခုက္ကူမြို့၊ အမှတ်(၁၁) ရပ်ကွက်၊ ရွှေလမ်းကတ္တရာလမ်းသစ် ဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းက ကတ္တရာလမ်းအသစ်ခင်းကျင်း ဆောင်ရွက်မှုများနှင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က အလျား ၄၇၈၇ ပေ၊ အနံ ၂၄ ပေရှိ ကတ္တရာ လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာတွင် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ(Multi-Purpose Shelter)ဖွင့်ပွဲသို့ ရောက်ရှိပြီး တိုင်းဒေသကြီးချုပ်က ဒေသခံများအား မိမိဒေသအတွက် ဆောက်လုပ်ပေးခဲ့တဲ့ ဘက်စုံသုံး မုန်တိုင်းဘေးဒဏ်ခံ အဆောက်အဦအား ပျက်စီးမှုမရှိစေရေး ရေရှည်တည်တံံ့ခိုင်မြဲ စေရေးတို့အတွက် လူတစ်ဦး တစ်ယောက်ချင်းစီကတာဝန်အသိစိတ် ကိုယ်စီနဲ့ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြဖို့ လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများကို နိုင်ငံတော်အဆင့်မှာ ဆောင်ရွက် နေကြသလို မိမိတို့တိုင်းဒေသကြီးမှာလည်း ဘက်စုံ ကဏ္ဍစုံမှာ ထည့်သွင်းပူးပေါင်းဆောင်ရွက် သွားရမှာ ဖြစ်ပြီး သက်ရွယ်မရွေး၊ အလွှာမရွေး ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုဖြင့် သဘာဝဘေးဒဏ်များမှ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းနိုင်သော ဒေသတစ်ခု ဖြစ်လာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ မှာကြားပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင် စက်ရုံဖွင့်ပွဲသို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အောက်ဆီဂျင်စက်ရုံ ပုံမှန်လည်ပတ်ထုတ်လုပ် ပေးနိုင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အရေးပေါ်လူနာကုသဆောင်၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ သီးသန့်ကုသဆောင်၊ ကျောက်ကပ်တုသွေးသန့်စင်ခန်း၊ ခွဲစိတ်ကုသဆောင်နှင့် CCTV တပ်ဆင် ဆောင်ရွက်ထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်နိုင်ဝင်းက လိုက်လံ ရှင်းလင်းပြသ ဆောင်ရွက်ခဲ့ကြောင်းနှင့် မကြာမီ သင်တန်းဆင်းတော့မည့် သူနာပြုဆရာ ဆရာမများအတွက် ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း