မကွေး ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပေါင်းနားရပ်ကွက် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေံ နံနက် ၉ နာရီခွဲက ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။
စလင်းမြို့ ပေါင်းနားရပ်ကွက် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်စီဂျင်စက်ရုံဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင် အလှူရှင်များတက်ရောက်ခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် အောက်စီဂျင်စက်ရုံအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အောက်စီဂျင်စက်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီိး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များ ထည့်ဝင်လှူဒါန်းသည့် Oxygen Plant နှင့် အဆောက်အဦအား ဆေးရုံံအုပ်ကြီးထံ လွှဲပြောင်း ပေးအပ်ခဲ့ကာ၊ Oxygen Plant နှင့် အဆောက်အဦအား လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။