မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆိပ်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖွင့်ပွဲများ တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆိပ်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖွင့်ပွဲများ တက်ရောက်ဖွင့်လှစ်

မကွေး ဇန်နဝါရီ ၂၆

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိပ်ဖြူမြို့သို့ရောက်ရှိပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး အဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး၊ရုံးဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦသစ်အားကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်များ ကူညီစောင့်ရှောက်ရသော ဝန်ထမ်းများဖြစ်သည့်အတွက် သဘာဝလျှောက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်ဆိုင်ရာများ၊ လူတို့ ကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား စွမ်းစွမ်းတမံဆောင်ရွက်သွားရန်၊အရေးပေါ်အခြေအနေ ကျရောက်လာပါက သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းချိတ်ဆက်၍ တုန့်ပြန်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် သစ်တောရုံးလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ကွန်ကရစ်လမ်းအား ဖဲ့ကြိုးဖြတ် ဖွင့်လှစ် ပေးပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဒေသဖွံ့ဖြိုးရေး ကွန်ကရစ်လမ်းသစ် ခင်းကျင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းသစ်အား ကြည့်ရှု စစ်ဆေးပြီး၊ မြို့နယ်သစ်တောဦးစီးဌာန သစ်တောပျိုးဥယျာဉ်အတွင်း၌ မိုးရာသီတွင်စိုက်ပျိုးမည့် ထင်းစိုက်ခင်းနှင့် ပြည်သူလူထုအား အခမဲ့ဖြန့်ဝေပေးမည့် သစ်မျိုးစုံ ပျိုးပင် ဝါးပင်များ ပျိုးထောင် စိုက်ပျိုး ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်သစ်တောဦးစီးမှူး ဦးဇင်ဝင်းထွဋ်မှ သစ်တောစိုက်ခင်းများ ထူထောင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြိီးချုပ်က လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ပေး သည့် အောက်စီဂျင်စက်ရုံ စမ်းသပ်လည်ပတ် ဆောင်ရွက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဆိပ်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံး ငွေသဲဖြူခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့်စာရေးဝန်ထမ်းများအား တွေဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးမှုများအပေါ် တိုင်းဒေ သကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

May be an image of 16 people and people standingMay be an image of 3 people and people standingMay be an image of 4 people, people standing and outdoorsMay be an image of 6 people, people standing, outdoors and treeMay be an image of 6 people, people standing, tree and outdoorsMay be an image of 7 people, people standing and outdoorsMay be an image of 12 people, people standing and balloonMay be an image of 2 people and people standingMay be an image of 13 people, people standing and outdoorsMay be an image of 8 people, people standing, outdoors and treeMay be an image of 8 people, people standing and indoorMay be an image of 3 people and people standingMay be an image of 4 people, people standing and text that says 'တွေ့ဆုံပွဲ -၁-၂၀၂၂ ၂၀၂၂ ဖြူမြို့'

နောက်ဆုံးရ သတင်း