အောင်လံ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဆောက်လုပ်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးတရားဥပဒေချုပ်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိ သူတို့လိုက်ပါ၍ ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီက အောင်လံမြို့နယ်သို့ရောက်ရှိကာ ဧရာဝတီမြစ်ကျော် လျှပ်စစ်စီမံကိန်းအား ကြည့်ရှု၍(Oxygen Plant) စက်ရုံ ဖွင့်လှစ်ပွဲ၊ လွှဲပြောင်းပေးအပ်ပွဲနှင့်ကြေးနီချောင်းတံတားဖွင့်ပွဲ အခမ်းအနားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် ပြလို့မြို့ စကားတောင်ကွေ့အနီး ဧရာဝတီမြစ်ကျော်လျှပ်စစ်တာဝါတိုင်နှင့် လျှပ်စစ်နန်းကြိုးသွယ်တန်းမှု စီမံကိန်းအားကြည့်ရှု စစ်ဆေးပြီး စက်ရုံရပ်ကွက် ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်ထားသည့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထားသော(Oxygen Plant) စက်ရုံအား စက်ခလုပ်နှိပ်ဖွင့်လှစ်ခြင်း၊ (Oxygen Plant) စက်ရုံနှင့်ပတ်သက်သည့်စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံဝန်ထမ်းများ၊ Volunteer များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တွေ့ဆုံအမှာစကားပြောကြားပြီး (Oxygen Plant)စက်ရုံအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (Oxygen Plant) အဆောက်အဦအတွင်း စက်ရုံတည်ဆောက် ထားရှိမှုအား လှည့်လည်ကြည့်ရှု ခဲ့ပြီး လိုအပ်သည် များအား လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် မိုးကောင်းကျေးရွာအုပ်စုမိုးကောင်း ကျေးရွာအနီးရှိ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြေးနီ ချောင်းတံတား ဖွင့်ပွဲ၌ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ဥပဒေ ချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကမ္ဗမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များပက်ဖျန်းကာ ဧည့်သည် တော်များက တံတားပေါ်သို့ဖြတ်သန်းကြည့်ရှုခဲ့ကြောင်း သိရသည်။