မကွေး ဖေဖော်ဝါရီ ၁
မကွေးမြို့၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းထောင့်ရှိ ကလေးအလုပ် သမားဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာဘုတ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က ယနေ့ကမ္ဘာပေါ်တွင် ကလေးဦးရေ (၂၁၈)သန်းကျော်ရှိသည့်အနက် (၁၅၂)သန်းကျော်သည် ကလေးအလုပ်သမားများဖြစ်ပြီး (၇၃)သန်း ကျော်သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်း၊ မြန်မာနိုင်ငံတွင် နေထိုင် ကြသည့် လူဦးရေ (၇၀)ရာခိုင်နှုန်းသည် ကျေးလက်ဒေသနေသူများဖြစ်ကြောင်း၊ အသက်(၁၈)နှစ် အောက် ကလေးဦးရေသည် (၃၃.၈၃)ရာခိုင်နှုန်းရှိသည့်အတွက် ကလေးဦးရေ ပေါများသောနိုင်ငံ ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဉပဒေတွင် ကလေးသူငယ်များ၏ မွေးရာပါ အခွင့်အရေးများဖြစ်သော အသက်ရှင်သန်ပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ စောင့်ရှောက်ပိုင်ခွင့်၊ လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်များကို ပြဌာန်းဖော်ပြထားရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလေးအလုပ်သမား ဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာဘုတ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။