မကွေး ဖေဖော်ဝါရီ ၁
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးပွဲနှင့် ကလေး အလုပ်သမားဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာဘုတ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က မကွေးမြို့ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းထောင့်တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က သေနတ်ပစ်ဖောက်ဖွင့်လှစ်ပေးခဲ့ပြီး စက်ဘီးစီးပြိုင်ပွဲဝင်အားကစားသမားက မကွေးမြို့အတွင်း စုပေါင်းစက်ဘီးစီးနင်းခဲ့ရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြသည်။
ထိုမှတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ် မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကံသာဈေးနှင့် မြို့မဈေးရှိ ဈေးရောင်း ဈေးဝယ် ပြည်သူ များ အား ဗလာမပါ ကံစမ်းမဲဖောက်ပေးနေမှုများ၊ မကွေးတက္ကသိုလ်ဝန်းနှင့် မကွေးမြသလွန် ဘုရားဝန်း အတွင်း စတုဒီသာ ကျွေးမွေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး စက်ဘီး စီးပြိုင်ပွဲဝင်အား ကစားသမားများကို ဗလာမပါ ငွေသားကံစမ်းမဲနှင့် စက်ဘီးဆု (၃)ဆုကို မဲဖောက် ပေးခဲ့သည်။