မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဗလာမပါ ကံစမ်းမဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဗလာမပါ ကံစမ်းမဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

မကွေး ဖေဖော်ဝါရီ ၂

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ထမနဲထိုးပြိုင်ပွဲနှင့် ဗလာမပါ ကံစမ်းမဲ ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ်(၃)နာရီက မကွေးမြို့၊ မြသလွန်ဘုရားပွဲတော်ကွင်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ် စခန်းဌာနမှူးချုပ် ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

‌ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနအလိုက် ထမနဲထိုးပြိုင်ပွဲဝင် ယှဉ်ပြိုင် နေမှုနှင့် ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသူ ဧည့်ပရိသတ် ပြည်သူများအား ဗလာမပါကံစမ်းမဲ ဖောက်ပေး နေမှုတို့အား လိုက်လံကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုပေးပွဲကျင်းပရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ ထမနဲထိုးပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် သယံဇာတရေးရာဝန်ကြီးဌာနအသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့် လွင်၊ ဒုတိယဆု ရရှိသည့် လူမှုရေးရာဝန်ကြီးဌာနအသင်းအား မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တတိယဆုရရှိသည့် ဥပ‌ဒေ(တရားရေးရာဌာန၊ လယ်ဆည်ဌာန) အသင်း အား တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးစိန်ထွန်းတို့က ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး နှစ်သိမ့်ဆု ရရှိသော အသင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေး နှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး ဗလာမပါကံစမ်းမဲဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ ဆိုင်ကယ်(၃)စီး မဲပေါက်သည့် ကံထူးရှင်(၃)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်မှ လည်းကောင်း ရေခဲသေတ္တာ(၂)လုံးမဲပေါက်သည့် ကံထူးရှင်(၂)ဦးအား မကွေးလေတပ်စခန်း ဌာနချုပ်မှူးမှ လည်း ကောင်း၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက် မဲပေါက်သည့် ကံထူးရှင်(၂)ဦးအား တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ အခြားဆုမဲများနှင့် စက်ဘီးစီးပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်နှင့် ဝန်ကြီးများ၏ ဇနီးတို့က ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း