မကွေး ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်လှစ်သည့် မင်းလှမြို့နယ် ဂွေးချိုတံတားနှင့် ကံမမြို့နယ် မင်းတုန်းချောင်းတံတား(ရေနံ့သာ)တို့အား တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ ချုပ် (မြို့ပြ)တို့က ဂွေးချိုတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တံတားအားလှည့်ကြည့်ရှုကာ ကဗ္ဗည်း မှော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
မင်းလှမြို့နယ်၌ ဂွေးချိုတံတားတည်ဆောက်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လတွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တံတား အရှည် ၂၇၀ ပေ၊ အကျယ် ၂၈ ပေ ရှိ သံကူကွန်ကရစ် တံတားအား တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ တံတားကြီး ပေါ်မှ ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်လှစ်သည့် ကံမမြို့နယ် မင်းတုန်း ချောင်းတံတား (ရေနံ့သာ)ဖွင့်ပွဲ အခမ်းအနား တက်ရောက်၍ အမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၁၈ ခုနှစ် ဇွန်လက မိုးသည်းထန်စွာ ရွာသွန်းပြီး မင်းတုန်းချောင်း ချောင်းရေမြင့်တက်လာမှုကြောင့် ရေစီးနဲ့မျောပါသွားတဲ့ တံတားဟောင်း နေရာမှာ အစားထိုးတည်ဆောက်တဲ့ ဘေလီတံတားဟာ တစ်လမ်းသွားဖြစ်ပြီး ခံနိုင်ဝန်(၂၀)တန် သာဖြစ်တဲ့အတွက် ခံနိုင်ဝန်(၆၀)တန်ရှိတဲ့ တံတားအရှည်(၁၃၀၀)ပေနှင့် ယာဉ်သွားလမ်းအကျယ် (၂၈)ပေရှိ (၂)လမ်းသွား သံကူကွန်ကရစ် တံတားသစ်ကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တံတား စီမံကိန်းကြီးအတွက် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ (၄၄၉၈)ကျပ်သန်း ရရှိခဲ့ပြီး ချဉ်းကပ်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ရန်ပုံငွေ(၆၀)ကျပ်သန်း ထည့်ဝင်ပေးခဲ့ကြောင်း၊ တံတားသစ်ကြီး တည်ဆောက်ပြီးသွားတဲ့အတွက် တံတားကြီးပေါ်မှ ကုန်တင် ယာဉ်များနှင့် လူစီးအဝေးပြေးယာဉ်များအားလုံး အန္တရာယ် ကင်းကင်းနဲ့ စိတ်ချလက်ချ မောင်းနှင်နိုင်ပြီ ဖြစ်ပါကြောင်း၊ မိဘပြည်သူများ အနေဖြင့် သတ်မှတ်ထား သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာရင်း ဒီမင်းတုန်းချောင်း(ရေနံ့သာ)တံတားသစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက မင်းတုန်းချောင်း တံတား(ရေနံ့သာ)တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မင်းတုန်းချောင်း တံတား(ရေနံ့သာ)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ သရက်တပ်နယ်မှူး ဗိုလ်မှူးကြီး ဝင်းကြူ၊ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုနှင့် လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ ကမ္ဗည်း ကျောက်စာတိုင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အမွေးနံ့သာများ ပက်ဖြန်း၍ မင်းတုန်းချောင်း (ရေနံ့သာ) တံတားပေါ်သို့ ဖြတ်သန်း ကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မင်းတုန်းချောင်းတံတား(ရေနံ့သာ) ရှင်းလင်း ဆောင်တွင် တိုင်း၊ခရိုင်၊မြို့နယ် စိုက်ကြပ်အဖွဲ့များနှင့် တွေ့ဆုံ၍ တာဝန်ရှိသူများက မဒေးရေလှောင် တမံ ရေသိုလှောင်မှုအရ လက်ရှိစိုက်ပျိုးနေသာ နွေစပါး၊နွေသီးနှံ ဧကထက်တိုးချဲ့စိုက်ပျိုးနိုင်ရန် နည်းလမ်း ရှာဖွေရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့သည်။
ထိုမှတဆင့်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံမမြို့အမှတ်(၂)ရပ်ကွက်ရှိ သာသနာ့ ဗိမာန်သို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေမှုနင့် အလုပ် သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန (ပန်းခင်းစီမံချက်)ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည်ရူ အားပေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံမမြို့အမှတ်(၄)ရပ်ကွက် အခြေခံ ပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး အဆိုပါအထကကျောင်း မြဝတီခန်းမ၌ ဆရာ/ဆရာမများ ကျောင်းသား/သူများအင်အား (၁၅၀)ဦးခန့်နှင့် တွေဆုံ၍ လိုအပ်သည်များ မှာကြားဆောင်ရွက်သည်၊ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား/သူများအတွက် ယဉ်ကျေးလိမ္မာစာအုပ် စာစောင်များ၊ ကျောင်းသုံဗလာစာအုပ်များနှင့် စာရေးကိရိယာများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်ထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျောင်းသား/ကျောင်းသူများ စာသင်ကြား၊သင်ယူနေမှုများအား ကြည်ရူ၍ လိုအပ်သည်များ မှာကြားကာ ကျောင်းသား/ကျောင်းသူ များအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ကံမမြို့နယ် မင်းတုန်းချောင်းတံတား (ရေနံ့သာ)ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၁၈ ခုနှစ် ဇွန်လက မိုးသည်းထန်စွာ ရွာသွန်းပြီး မင်းတုန်းချောင်း ချောင်းရေမြင့် တက်လာမှုကြောင့် ရေစီးနဲ့မျောပါသွားတဲ့ တံတားဟောင်း နေရာမှာ အစားထိုးတည်ဆောက်တဲ့ ဘေလီတံတားဟာ တစ်လမ်းသွားဖြစ်ပြီး ခံနိုင်ဝန်(၂၀)တန် သာဖြစ်တဲ့အတွက် ခံနိုင်ဝန်(၆၀) တန် ရှိတဲ့ တံတားအရှည်(၁၃၀၀)ပေနှင့် ယာဉ်သွားလမ်းအကျယ် (၂၈)ပေရှိ (၂)လမ်းသွား သံကူကွန်ကရစ် တံတားသစ်ကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တံတား စီမံကိန်းကြီးအတွက် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ (၄၄၉၈)ကျပ်သန်း ရရှိခဲ့ပြီး ချဉ်းကပ်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ရန်ပုံငွေ(၆၀)ကျပ်သန်း ထည့်ဝင်ပေးခဲ့ကြောင်း၊ တံတားသစ်ကြီး တည်ဆောက်ပြီးသွားတဲ့အတွက် တံတားကြီးပေါ်မှ ကုန်တင် ယာဉ်များနှင့် လူစီး အဝေးပြေးယာဉ်များအားလုံး အန္တရာယ် ကင်းကင်းနဲ့ စိတ်ချလက်ချ မောင်းနှင်နိုင်ပြီ ဖြစ်ပါကြောင်း၊ မိဘပြည်သူများ အနေဖြင့် သတ်မှတ်ထား သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာရင်း ဒီမင်းတုန်းချောင်း(ရေနံ့သာ)တံတားသစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက မင်းတုန်းချောင်း တံတား(ရေနံ့သာ)တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မင်းတုန်းချောင်း တံတား (ရေနံ့သာ)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊သရက်တပ်နယ်မှူး ဗိုလ်မှူးကြီး ဝင်းကြူ၊ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုနှင့် လမ်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ ကမ္ဗည်း ကျောက်စာတိုင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့က စက်ခလုပ် နှိပ်ဖွင့်လှစ်ပေးကာ အမွေးနံ့သာများ ပက်ဖြန်း၍ မင်းတုန်းချောင်း(ရေနံ့သာ) တံတားပေါ်သို့ ဖြတ်သန်း ကြည့်ရှုခဲ့ကြသည်။