မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေး ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ သည် မိမိတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားအားလုံး စည်းလုံညီညွတ်စွာဖြင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နေ့တစ်တစ်နေ့ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက် ပြည်ထောင်စုနေ့ အခမ်းအနားအား ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇၅)နှစ်မြောက် ဖြစ်ပြီး စိန်ရတုအထိ ရောက်ရှိခဲ့ပြီဖြစ်ကာ မိမိတို့တိုင်းဒေသကြီး အတွင်း (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အစည်းအဝေး တက်ရောက်လာသူများ အနေဖြင့် လိုအပ် သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလိုကြောင်း၊ ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြခန်းများ ခင်းကျင်းပြသရာတွင် ပြည်သူများ စိတ်ဝင်စားပြီး ဗဟုသုတရစေမည့် ပြခန်းများနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ ဆောင်ရွက်ထားရှိမှု၊ ဆပ်ကော်မတီအသီးသီးမှလည်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ အား ရှင်းလင်းတင်ပြပေးရန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဌ ဗိုလ်မှူးကြီး ကျော်ကျော်လင်းက (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး မိမိတို့ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအား အသီးသီးရှင်းလင်းတင်ပြရာ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

May be an image of 8 people and indoorMay be an image of 5 people, indoor and text that says 'EXIT ဥပဒေချုပ်'May be an image of 4 people, people standing and indoor

May be an image of 7 people, people standing and indoor

 

နောက်ဆုံးရ သတင်း