မကွေး ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပြခန်းများဖွင့်ပွဲကို ဖေဖော်ဝါရီလ ၉ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ ခရိုင်အားကစား ကွင်း မုဒ်ဦးရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဦး၊ မကွေးတိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် မကွေး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဧည်သည်တော်များက ဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
(၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက် ပြခန်းများတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ ထုံးတမ်းများ ဆောင်ရွက်ထားရှိမှု၊ ဝန်ကြီးဌာနအသီးသီးမှ မိမိတို့ဌာနအလိုက် လုပ်ငန်းများ ခင်းကျင်းပြသမှု ပြခန်း များ ဆောင်ရွက်ထားရှိမှုအပေါ် ပြည်သူများ စိတ်ဝင်စားပြီး ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနအလိုက် ပြခန်းပေါင်း (၇၀)ကျော် ခင်းကျင်းပြသလျက်ရှိရာ ပြခန်းများကို ဖေဖော်ဝါရီလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၃)ရက်တိုင်တိုင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။