မကွေး ဖေဖော်ဝါရီ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ မကွေးတိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၄ ရက် နေ့လယ် ၃ နာရီခွဲ အချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံတော်အကြီးအကဲ မကွေးတိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန်မှာကြားချက်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက မိမိတို့ လုပ်ဆောင်ရမည့် လုပ်များနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး၊ တင်ပြဆွေးနွေးမှုများ အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ လုပ်ငန်းများ အမြန်ဆုံပြီးစီး အောင်မြင်အောင်ဖော်ဆောင်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အဖက်ဖက် ကူညီပံ့ပိုးပေး သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ တိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန်မှာကြားချက်များ အား သက်ဆိုင်ရာဌာနများက လုပ်ငန်းများပီပီပြင်ပြင် လုပ်ဆောင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။